ဘာပဲလုပ်လုပ် ယုံကြည်မှုရှိမှ အောင်မြင်ပါမယ်။ ယုံကြည်မှုသာရှိရင် အခုမအောင်မြင်တောင် အချိန်ကာလတခုမှာ အောင်မြင်မှာပါ။
မြန်မာနိုင်ငံ၊ သမ္မတရဲ့ မိန့်ခွန်းမှာ ပွင့်လင်းစွာပြောကြားခဲ့တာတော့
၂၀၁၂ မှာ လူတဦးချင်းဝင်ငွေ တနှစ်ဒေါ်လာ ၁၀၀၀ ကနေ နောက် ၂၀၁၅ မှာ
လူတဦးချင်းဝင်ငွေ ၃၀၀၀ ရဖို့ လက်တွေ့မကျကြောင်း၊ ၂ ဆပဲတိုးတက်ဖို့
မှန်းသင့်ကြောင်း၊ အထူးသဖြင့် နိုင်ငံခြားရင်းနှီးမှုများ ၀င်လာမှ
မြန်မာနိုင်ငံသားများရဲ့ အလုပ်ကိုင်အခွင့်လမ်းရှိလာပြီး၊
ဝင်ငွေတိုးတက်လာမယ်ဆိုပါတယ်။
မေးခွန်းထုတ်စရာတခုရှိပါတယ်။ အဲဒီနိုင်ငံခြားငွေများရလာပြီး တိုးပွားအောင်လုပ်ဖို့က ဘယ်သူ့ကိုယုံမှာလဲ ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။
ဥပမာ .. ထားဝယ်စီမံကိန်းကို မြန်မာ၊ ထိုင်းနိုင်ငံ
ပူပေါင်းလုပ်ဆောင်ရာမှာ ရင်းနှီးမြှုပ်နှံဖို့ သမ္မတ ဦးသိန်းစိန်က
ဂျပန်ကုမ္ပဏီများကို ယုံကြည်ဖို့၊ ရင်းနှီးမြှုပ်နှံဖို့
တိုက်တွန်းတယ်ဆိုပေမဲ့၊ ဂျပန်များက မြန်မာနဲ့ထိုင်း ၂ နိုင်ငံ၊ ဘယ်သူ့ကို
ပိုပြီးယုံကြည်သလဲဆိုတဲ့ မေးခွန်းပါပဲ။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်ပတ်သက်ပြီး ဆုံးဖြတ်ရန်
အလွန်အရေးကြီးသည့် အလှည့်အပြောင်းအခြေအနေသို့ ရောက်ရှိနေပြီလို့
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး
ဦးစိုးသိန်းက Bangkok Post သတင်းစာသို့ မကြာသေးခင်က ပြောကြားခဲ့ကြောင်း၊
“တကယ်လို့ စီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ Italian-Thai ကုမ္ပဏီအနေနဲ့
အဲဒါကို လုပ်နိုင်စွမ်းရှိရင် သူတို့ လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။
တကယ်လို့ မလုပ်နိုင်ဘူးဆိုရင်တော့ ကျနော်တို့ ပြန်လည်သုံးသပ်ရပါလိမ့်မယ်”
လို့လည်း ဆိုပါတယ်။
ထားဝယ်စီမံကိန်းကို မြန်မာတွေပဲ ဦးဆောင်လုပ်လို့ကတော့
နိုင်ငံခြားကုမ္ပဏီများကို ယုံကြည်မှုပေးနိုင်မှာ မဟုတ်ပါဘူး။
ထိုင်းနိုင်ငံကိုပဲ လုံးဝလုပ်ခွင့်ပေးလိုက်ရင် နိုင်ငံခြားကုမ္ပဏီများက
ပိုမိုယုံကြည်ပြီး၊ လာရောက်ရင်းနှီးမှာပါ။ ၇၅ နှစ်လုပ်ပိုင်ခွင့်ဆိုတာလည်း
လွန်လွန်းပါတယ်။ တရုတ်ပြည်ကို လာရောက်ရင်းနှီးတဲ့ နိုင်ငံခြားကုမ္ပဏီများ
ဘယ်လိုရင်းနှီးကြသလဲ လေ့လာပြီးဖြစ်မှာပါ။ အကျိုးရှိမှ
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လာကြမှာဖြစ်ပါတယ်။
ဥပမာတခု .. ဗီယက်နမ်၊ စင်္ကာပူ စက်မှုဇုံ VSIP Vietnam Singapore Industry
Park ကို စင်ကာပူအစိုးရ ဦးဆောင်ပြီး၊ ၁၉၉၄ ခုနှစ်ကတည်းက
စတင်အကောင်ထည်ဖော်ခဲ့ပါတယ်။ ၁၀ နှစ်ကြာတဲ့အခါမှ
ပိုပြီးကြီးကျယ်စွာဖြစ်လာပါတယ်။ ရင်းနှီးမြှုပ်နှံသူများစွာ ယုံကြည်စွာ
လာရောက်လုပ်ကိုင်ကြတော့ အခုအချိန်မှာ VSIP ကိုမှီပြီး ဗီယက်နမ်လူမျိုး
သိန်းဂဏန်းအထိ လာရောက်၊ လုပ်ကိုင်၊ မြို့တည်ထောင်နေကြပါတယ်။
စင်္ကာပူအစိုးရရဲ့ အားပေး၊ ဦးဆောင်မှုကြောင့် Singapore International School
ကျောင်းအကြီးတခုကိုဖွင့် ထားပါတယ်။ Vietnam Singapore Vocational College
အသက်မွေးပညာကောလိပ် အကြီးတခုလည်း ဖွင့်ထားပါတယ်။ လာရောက် သင်ပေးတဲ့
ဆရာအများစုဟာ စင်္ကာပူမှာ သင်တန်းပေးထားသူ ဗီယက်နမ်လူမျိုးများဖြစ်ပြီး၊
လာရောက်တက်သူ လူဦးရေ ရာ၊ ထောင်ချီတဲ့ ကျောင်းသားအားလုံးကို အင်္ဂလိပ်ဘာသာနဲ့
အခြေခံပညာ၊ အသက်မွေးမှုပညာများကို သင်ပေးပါတယ်။ အဲဒီကျောင်းများက ပြီးရင်
အင်္ဂ လိပ်စာတတ်ဖြစ်လာပြီး၊ အလုပ်ကောင်းကောင်းရဖို့က သေချာပါတယ်။
ဒေါ်လာဘီလျှံပေါင်းများ ဗီယက်နမ်နိုင်ငံကို
လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ VSIP ကတဆင့်၊ ကမ္ဘာ့ကုမ္ပဏီကြီးများစွာ
စက်မှုလုပ်ငန်းမျိုးစုံ၊ လာရောက်ရင်းနှီးကြတယ်၊ စင်ကာပူကို ယုံကြည်လို့
လာကြခြင်းဖြစ်ပါတယ်။ Website: www.vsip.comvn
ဘာလုပ်ငန်းပဲလုပ်လုပ် ယုံကြည်မှုက အရေးကြီးပါတယ်။ နိုင်ငံခြားကုမ္ပဏီများ
ယုံကြည်စွာ၊ လာရောက်ရင်းနှီးမယ်ဆိုရင် သမ္မတဦးသိန်းစိန်အစိုးရကို
လုံးဝယုံကြည်ဦးမှာ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ၄ နှစ်လောက်က ဂျပန်နိုင်ငံမှာ မြန်မာအလုပ်သမားတွေခေါ်ဖို့၊
မြန်မာအေးဂျင့်တစုကို တိုကျိုမြို့ကို ဖိတ်ခေါ်ပါတယ်။ မြန်မာ အေးဂျင့်များက
မြန်မာအလုပ်သမားများ တော်၊ တတ်ကြောင်း အာဝဇွန်းရွှင်ရွင်နဲ့ တင်ပြတယ်။
တပတ်လောက်ဆွေးနွေးပြီး၊ ဂျပန်အလုပ်သမားဌာနက ခင်ဗျားတို့ပြောစကားက
ယုံကြည်စရာသိပ်မရှိဘူး။
ကျွန်တော်တို့ယုံတာက မြန်မာပြည်က
ဒေါ်အောင်ဆန်းစုကြည်ပဲ ယုံကြည်တယ် ..လို့ ပွင့်လင်းစွာပြောရင်း၊
မြန်မာအလုပ်သမားများ ဂျပန်ခေါ်ဖို့အစီအစဉ် ဆက်မလုပ်ဖြစ်ခဲ့ပါဘူး။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာအစိုးရသစ်က အသုံးချနေမှာပါ။ နေရာ
တကယ်ပေးမလား၊ မပေးဖူးလားဆိုတာ ၂၀၁၅ မှာ သိရမယ်ဖြစ်ပါတယ်။ ယုံကြည်မှုဆိုတာ
အချိန်ကာလတခုနဲ့ ဆုံးဖြတ်ရတာပါ။
● မြန်မာကို ကမ္ဘာက ယုံကြည်မှု မရှိသေး
ဒီအတွက် စိတ်ပျက်စရာမရှိပါ။ မယုံကြည်သေးတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ
မလာသေးတာတော့ သေချာပါတယ်။ အထူးစီးပွားရေးဇုံများနဲ့ စတင်ဖို့ ဆိုပေမဲ့၊
အဲဒီစီးပွားဇုန်များမှာ အလုပ်သမား၊ အလုပ်ရှင်အရေးအခင်းကို
ကိုင်တွယ်ဖြေရှင်းဖို့လိုပါတယ်။ မြန်မာအစိုးရဟာ အထူးသဖြင့်
အလုပ်သမားဆန္ဒပြမှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အတွေ့အကြုံ မရှိသေးပါဘူး။
စင်္ကာပူ၊ မလေးရှား၊ ထိုင်းနိုင်ငံများက မြန်မာအစိုးရထက်
အများကြီးကိုင်တွယ်နိုင်တဲ့အတွက် သူတို့အုပ်ချုပ်တဲ့ စက်မှုဇုံတွေမှာ
အလုပ်ရှင်၊ အလုပ်သမား မမျှတ၊ အမြတ်ကြီးစားမှုမျိုး မဖြစ်အောင်၊
ထိန်းသိမ်းနိုင်တဲ့အတွက် ရင်းနှီးမြှုပ်နှံသူများ ကျေနပ်၊ ယုံကြည်စွာ
လာရောက်ရင်းနှီးပါတယ်။
အလုပ်သမား ဆန္ဒပြခြင်းဟာ မတရား၊ လက်ဝါးအုပ်အရင်းရှင်၊
ဝိသမကုမ္ပဏီများကြောင့် ပေါ်ပေါက်လာရတယ်။ ရှင်းရှင်းပြောရရင် ခြစားတဲ့၊
အုပ်ချုပ်ရေးမှုးတွေကြောင့် မတရားမှုတွေပေါ်လာရပါတယ်။ ဆန္ဒခဏခဏ မပြမှ
(တရားမျှတမှုရှိမှ)၊ အလုပ်သမားလည်း ကျေနပ်မယ်။ လုပ်ငန်းရှင်လည်း သင့်တင့်တဲ့
အမြက်ရပြီ၊ လာရောက်ရင်းနှီးမယ်ဖြစ်ပါတယ်။
● ယုံကြည်မှုရရှိရေးအတွက် တာဝန်ရှိသူ
အုပ်ချုပ်သူ လူတန်းစားက အရေးကြီးဆုံးပါ။ အစိုရ
ထိပ်ပိုင်းခေါင်းဆောင်များရဲ့ လုပ်ကိုင်၊ ပြောဆိုမှုများကို နိုင်ငံတကာက
စောင့်ကြည့်နေသလို၊ ပြည်တွင်း၊ ပြည်ပက မြန်မာများကလည်း
အထူးစောင့်ကြည့်နေပါတယ်။ ပြောတာတမျိုး၊ လုပ်တာတခြား ဖြစ်နေရင် ဘယ်သူက
ယုံကြည်ပါ့မလဲ။ ထိုင်းနိုင်ငံကုမ္ပဏီများဟာ မြန်မာအစိုးရက
ခွင့်ပြုမှုကြောင့်၊ နည်းအမျိုးမျိုးနဲ့ မြန်မာပြည်ကို
ဝင်ရောက်လာပြီဖြစ်ပါတယ်။ မြန်မာ အစိုးရဖက်က ဥပဒေကောင်းကောင်း၊ ရေးဆွဲ၊
အကောင်ထည်ဖေါ်နိုင်ရင်တော့ ထိုင်းကုမ္ပဏီ အကြီးစားများ မြန်မာပြည်ကို
အလျှင်အမြန် ရောက်လာပြီး၊ မြန်မာများအတွက် အလုပ်ကိုင်၊ ၀င်ငွေတိုးပွားမှု
မြန်ဆန်နိုင်ပါမယ်။ အထက်ကရေးပြသလို ဂျပန်များရဲ့ယုံကြည်မှုဟာ ဒေါ်
အောင်ဆန်းစုကြည်ပဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးမှ မြန်မာကို
ထိုင်းလူမျိုးတွေ သာမက၊ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံသူများ
ယုံကြည်လာပါမယ်။
ထားဝယ်စီမံကိန်းကို နိုင်ငံခြားကုမ္ပဏီများ စောင့်ကြည့်နေကြပါတယ်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment