လောင်းလုံး ရေနံစက်ရုံအတွက် ဥယျာဉ်ခြံမြေများ အသိမ်းခံရဖွယ်ရှိ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညင်းမော်ရွာအနီးတွင် ရေနံချက် စက်ရုံနှင့် ရေနံသန့်စင်စက်ရုံ တည်ဆောက်ရန်အတွက် အနီးရှိ ကျေးရွာများမှ ခြံမြေများကို သိမ်းယူရန် စီစဉ်နေကြောင်း ဒေသခံများက ပြောသည်။
တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံမည့် ထိုစီမံကိန်းအတွက် ဇွန်လကုန်ပိုင်းတွင် တရုတ်နှင့် မြန်မာများက မြေယာ တိုင်းတာမှု ပြုလုပ်ခဲ့ပြီး စက်ရုံတည်ဆောက်မည့် အကြောင်းနှင့် ကျေးရွာ ရွှေ့ပြောင်းရေး၊ ဥယျာဉ်ခြံများကို လျော်ကြေးပေး သိမ်းယူရေးတို့ကိုလည်း ဒေသခံများနှင့် ဆွေးနွေးသွားခဲ့ကြကြောင်း ညင်းမော်ရွာခံ အမျိုးသမီးတဦးက ပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်း သိပ်အရေးကြီး
တနင်္သာရီတိုင်းဒေသ၏ ထားဝယ်မြို့ရှိ ရေနက်ဆိပ်ကမ်းစီမံကိန်းအပေါ် ပြည်သူ့လွှတ်တော်၌ ဦးသိန်းညွှန့်က ယနေ့ထိတိုင်အောင် လိပ်ခဲတည်းလဲ ဖြစ်နေရသည့် အကျိုးအမြတ်ကိစ္စနိုင်ငံသား ကုမ္ပဏီက မည်သို့အခန်းကဏ္ဍမည်မျှ စွမ်းဆောင်နိုင်သလဲနှင့် သဘာဝပတ်ဝန်းကျင် အလုပ်သမားများ၏အလုပ်အကိုင်ရရှိရေး အလားအလာများအား ပြည်သူ့လွှတ်တော်သို့ မေးမြန်းရာ ရထားပို့ဆောင်ရေး ဒုတိယ၀န်ကြီး သူရဦးအောင်လွင်မှ လွှတ်တော် ရှေ့မှောက်တွင် ပြောကြားခဲ့သည်မှာကြား သိခဲ့ရသော်လည်း တွက်ချက်မှုအရ စီမံကိန်းသက်သက် မဟုတ်စေဘဲ အကျိုးခံစားမှုအရ နိုင်ငံနှင့် နိုင်ငံသားများအတွက် ဟုဆိုချင်ပါသည်။
တိမ်မြုမ်ပြောက်ကွယ်နေသော 15-18 ရာစုအတွင်း ထားဝယ်ဒေသတွင် အသုံးပြုခဲ့သော ငွေဒင်္ဂါး
Posted by
Tavoyan Voice
at
3:17 PM
Wednesday, August 8, 2012
Labels:
ထားဝယ်အကြောင်း,
ရိုးရာ
0
comments
ငါတို့နေရာ ငါတို့သာ ပိုင်ဆိုင်ကြရမည်
မန္တလေးမြို့၏ လမ်ဆုံးလမ်းခွ အချက်အချာတို့တွင် တရုတ်စာလုံးကြီးများ ထီးထီးမားမား မြင်နေ ရသည်နှင့် တပြိုင် နက် အတိတ်ကို လွမ်းဆွတ်၍ မကြေမချမ်းဖြစ်ပြီး စိတ်ပင်ပန်း ဝမ်းနည်းရ သည်။ သည်သို့ အချက်အချာ နေရာများ ဗမာစာလုံးကြီးများ ထီးထီးမားမား ဖြစ်နေရမည့်စား မဟုတ် တရား တိုင်းတပါးစာက မည်သို့ နေရာယူရသနည်း။ ထိုအချက်ကိုကြည့်လျှင် ဗမာလူမျိုးတို့သည် အသုံးမကျသည့် လူမျိုးဟု သရုပ်ဖော်နေသကဲ့ သို့ပင်။ မန္တလေး ရှေ့နောက်တောင်မြောက် ကျူံးနဘေးတွင် တရုတ် နှင့် ကုလားတို့သာ မြင်ရပြီး ဗမာ့ယဉ်ကျေး မှုနှင့် လုံးဝမစပ်ဟပ်၊ တရုပ်မလေးများ အဝတ်အစားတို့ကို မြင်ရသည်မှာလည်း စိတ်ပင်ပန်းစရာ။ ဗမာများမှာတော့ ဆိုက်ကားနင်း မြင်းလည်းမောင်းနေသည် ကိုသာ မြင်တွေ့ခဲ့ရသည်။ ရှိစေ၊ မန္တလေး အကြောင်းကို ဆိုချင်သည် မဟုတ်။ ယခုက ထားဝယ်မြို့ အကြောင်း။
ထားဝယ်ဒေသမှ ပျူယဉ်ကျေးမှုအထောက်အထားအချို့
နိုင်ငံပိုင် သတင်းဌာနများနှင့် ဂျာနယ်များ၏ ရေးသား ဖော်ပြချက်အရ ထားဝယ်ဒေသတွင် အရှေ့တောင်အာရှ၌ အကြီးမားဆုံး စီမံကိန်းတခုဖြစ်သော ရေနက်ဆိပ်ကမ်း စီမံကိန်းကို စတင်တော့မည် ဖြစ်သည်။ ထားဝယ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံတကာ၏ စိတ်ဝင်စားမှုကို ရရှိတော့မည် ဖြစ်သည်။ ထားဝယ်ဒေသနေ ပြည်သူများအနေဖြင့် အရှိန်အဟုန်ဖြင့် ပြောင်းလဲမည့် အခြေအနေများကို ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရန် လိုအပ်နေပါသည်။
ထားဝယ်ဟာပျူလူမျိုးများဖြစ်နေရော့သလား
ဆရာဟိန်းလတ်ခင်ဗျား . . .
ဟဲဟဲ . . .
(ထို “ဟဲဟဲ“ သည် ကိုရင်တာ၏ မူပိုင် “ဟဲဟဲ“ ဖြစ်ပါသည်။
သူသည် စာဖတ်သူများထံသို့ ဦးနှောက်အခြောက်ခံ စဉ်းစားစရာပြဿနာတစ်ရပ်ကို သယ်ဆောင်လာတော့မည်ဆိုလျှင် ထိုသို့ တဟဲဟဲဖြင့် အာလုပ်ပြုကာ ကြိုတင် မျက်နှာချိုသွေးထားလေ့ရှိပါသည်။ ထိုအလေ့ကို အလွန်သဘောကျသော ကျွန်တော်ကလည်း သူ့ ဟဲဟဲကြီးကို ခဏဆွဲသုံးကာ ဆရာတို့၏ဦးနှောက်များအား အောက်ကျို့ခယ၊ တင်ကြို မျက်နှာချိုသွေးလိုက်ပါကြောင်း) မီဒီယာဟိုင်းဝေးလမ်းမကြီးထဲ ကောက်ရိုးလှည်းကြီး၊ ဆူးလှည်းကြီး မောင်းဝင် လာသည်ဟု မထင်ကြစေလိုပါခင်ဗျား။
(ထို “ဟဲဟဲ“ သည် ကိုရင်တာ၏ မူပိုင် “ဟဲဟဲ“ ဖြစ်ပါသည်။
သူသည် စာဖတ်သူများထံသို့ ဦးနှောက်အခြောက်ခံ စဉ်းစားစရာပြဿနာတစ်ရပ်ကို သယ်ဆောင်လာတော့မည်ဆိုလျှင် ထိုသို့ တဟဲဟဲဖြင့် အာလုပ်ပြုကာ ကြိုတင် မျက်နှာချိုသွေးထားလေ့ရှိပါသည်။ ထိုအလေ့ကို အလွန်သဘောကျသော ကျွန်တော်ကလည်း သူ့ ဟဲဟဲကြီးကို ခဏဆွဲသုံးကာ ဆရာတို့၏ဦးနှောက်များအား အောက်ကျို့ခယ၊ တင်ကြို မျက်နှာချိုသွေးလိုက်ပါကြောင်း) မီဒီယာဟိုင်းဝေးလမ်းမကြီးထဲ ကောက်ရိုးလှည်းကြီး၊ ဆူးလှည်းကြီး မောင်းဝင် လာသည်ဟု မထင်ကြစေလိုပါခင်ဗျား။
ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းကို ခေတ္တရပ်ဆိုင်း
တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့ကို ဆက်သွယ်
ဖောက်လုပ်မည့် ထားဝယ် – မြိတ် မီးရထားလမ်း စီမံကိန်းအား
ခေတ္တရပ်ဆိုင်းထားကြောင်း မီးရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး
သူရ ဦးသောင်းလွင်က ဇူလိုင်လ ၁၇ ရက်နေ့တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်
အစည်းအဝေးတွင် ပြောကြားသည်။
ထားဝယ်စီမံကိန်းနဲ့ ယုံကြည်မှု
ဘာပဲလုပ်လုပ် ယုံကြည်မှုရှိမှ အောင်မြင်ပါမယ်။ ယုံကြည်မှုသာရှိရင် အခုမအောင်မြင်တောင် အချိန်ကာလတခုမှာ အောင်မြင်မှာပါ။
ရေနက်ဆိပ်ကမ်း သဘောတူညီချက် အသေးစိတ် ထားဝယ်ဒေသခံများ သိရှိလို
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွါးရေးဇုန် အနီးရှိ ဒေသခံများက
ယခုအပတ်အတွင်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့
လက်မှတ်ရေးထိုးခဲ့ကြသည့် သဘောတူညီချက်များ၏ အသေးစိတ်ကို
သိရှိလိုကြောင်းနှင့် ၎င်းတို့၏ လိုအပ်ချက်များကို လည်း
ထည့်သွင်းစဉ်းစားကြစေလိုကြောင်း ပြောသည်။
ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့်
ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး သွားရေးလာရေး
ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Subscribe to:
Posts (Atom)